December 1, 2014

နိဗ္ဗာန်ကိုရှာဖို့ရာ။

ဘုရားလောင်းသိဒ္ဓိတ္တမင်းသားဟာ မိမိကိုယ်တိုင်က အိုတတ်သောသဘောရှိပါလျက် အို
တတ်သောသဘော ရှိတာတွေကို ရှာကြံသိမ်းပိုက်နေတာ မတော်ဘူး၊ မိမိကိုယ်တိုင်က အိုတတ်
ပါလျက် အဲဒီ အိုတတ်တဲ့ ကာမဂုဏ်တွေကို အမြတ်တနိုးလုပ်ပြီး ရှာကြံသိမ်းပိုက်နေတာ မတော်
ဘူး။ ထို့အတူပင် မိမိကိုယ်တိုင်က နာတတ်ပါလျက်၊ သေတတ်ပါလျက်၊ နာတတ်၊ သေတတ်တဲ့
ကာမဂုဏ်တွေကို ရှာကြံသိမ်းပိုက်နေတာ မတော်ဘူးလို့ ဆင်ခြင်မိပါတယ်။
         မိမိကိုယ်တိုင်က အိုတတ်၊ နာတတ်၊ သေတတ်သောသဘော ရှိတဲ့အတွက် မအို၊ မနာ၊ မ
သေ၊ မပျက်တတ်တဲ့တရားကို ရှာကြံတာကတော့ (အရိယပရိယေသနာ) မြင့်မြတ်သောရှာကြံ
ခြင်း မည်ပါတယ်။ ဘုရားအလောင်းတော်ဟာ မူလက ယုတ်ညံ့သောရှာကြံခြင်းမျိုးဖြင့် ရှာကြံနေ
ခဲ့ပါတယ်။
         ဘိက္ခစေ=ရဟန်းတို့၊
အဟမ္ပိ=ငါသည်လည်း၊ ပုဗ္ဗေ၀ သမ္ဗောဓာ=သစ္စာလေးပါးကို မသိရ
သေးမီ ရှေးအဖို့ကပင်၊ အနဘိသမ္ဗုဒ္ဓေါ=သစ္စာလေးပါးကို မသိသေးသော၊ ငါ ဘုရားမဖြစ်သေး
သော၊ ဗောဓိသတ္တောဝ သမာနော=ဘုရားအလောင်းသာလျှင်ဖြစ်စဉ်က၊ အတ္တနာ ဇာတိဓမ္မော
သမာနော=မိမိကိုယ်တိုင်က ဘ၀အသစ် ဖြစ်ခြင်းသဘော ရှိပါလျက်၊ ဇာတိဓမ္မံယေ၀ ပရိယေ
သာမိ=ဖြစ်ခြင်းသဘောရှိတာကိုသာ ရှာမှီးသိမ်းပိုက်နေခဲ့၏။ အတ္တနာ ဇရာဓမ္မော သမာနော=
မိမိကိုယ်တိုင်က အိုခြင်းသဘော ရှိနေပါလျက်၊ ဇရာဓမ္မံယေ၀ ပရိယေသာမိ=အိုခြင်းသဘော
ရှိတာကိုသာ ရှာမှီးသိမ်းပိုက်နေခဲ့၏။ စသည်ဖြင့် ပြဆိုထားပါတယ်။
         အဲဒါဟာ ယသော်ဓရာဒေ၀ီ အမှူးရှိသော မင်းသမီးအခြွေအရံတွေနဲ့  ပျော်မွေ့နေပုံကို
ရှုတ်ချပြီး ဖော်ပြတာပါ။ အဲဒီလို ပြပြီးတဲ့နောက် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ဖြစ်ခြင်းတို့ကင်းတဲ့
နိဗ္ဗာန်အငြိမ်းဓာတ်တရားကို ရှာမှီးတော့မယ်လို့ အကြံဖြစ်ပုံကိုလည်း အဲဒီလိုဖေါ်ပြထားပါတယ်။
         မိမိကိုယ်တိုင်က ဖြစ်ခြင်းသဘောရှိခြင်းကြောင့်၊ ဖြစ်ခြင်းသဘော၌ အပြစ်ကိုမြင်ပြီး၍၊
ဖြစ်ခြင်းမရှိတဲ့ ယောဂကုန်ရာ အမြတ်ဆုံး အငြိမ်းဓာတ် နိဗ္ဗာန်ကို၊ ရှာမှီးရပါမူ ကောင်းမှာပဲ။
မိမိကိုယ်တိုင်က အိုခြင်းသဘော ရှိသောကြောင့်၊ အိုခြင်းသဘော၌ အပြစ်ကို မြင်ပြီး၍ အိုခြင်းမ
ရှိတဲ့ အမြတ်ဆုံး အငြိမ်းဓာတ် နိဗ္ဗာန်ကို ရှာမှီးရပါမူ ကောင်းမှာပဲ။ ဒီပုံဒီနည်းဖြင့် အိုခြင်း၊ နာခြင်း
သေခြင်းကင်းရာ နိဗ္ဗာန်ကိုရှာဖို့  ကြံစည်တော်မူခဲ့ပါတယ်။
  {မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဓမ္မစကြာတရားတော်ကို ကိုးကားရေး
    သားပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment